၁၇.၆.၂၀၁၃၊ တနင်္လာနေ့
လတ်တလောမှာ ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး နေမင်း၊ သဉ္ဇာနွယ်ဝင်း တို့
အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ "မာယာများတဲ့ အလင်္ကာ" ဗီဒီယိုဇာတ်ကား မန္တလေးမှာ
ထွက်ရှိထားပါတယ်။ ဒီ ဇာတ်ကား ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်းဟာ
မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဇာတ်ဝင် ခန်း ဖြစ်တယ်လို့ ပရိသတ်တွေက
ဝေဖန်ခဲ့ကြပါတယ်။ အဆိုပါ ဇာတ်ဝင် ခန်းနဲ့ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်း ကို
ဆက်သွယ် မေးမြန်းတဲ့အခါ..
"တချို့ ပရိသတ်တွေကျတော့ ဒီကားကို ဇာတ်ဝင်ခန်းအရ သရုပ်ဆောင် တာကို
နားလည်လက်ခံပေးကြတယ်။ တချို့ ပရိသတ်တွေကျတော့ သူတို့ မျက်လုံးထဲမှာ
အမြင်နည်းနည်းရိုင်းတယ် ဆိုတဲ့ ပုံစံမျိုးလေးတွေ ပြောတာ ရှိတယ်။
သဉ္ဇာတို့ အနုပညာသမားတွေက ကိုယ်ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ရတယ်။ အခု ဒီတစ်ကားလုံးမှာဆို ကိုယ်တတ်
နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ တခြားဇာတ်ကား
တွေနဲ့ မတူဘဲ ဒီကားကို ဇာတ်လမ်းအရ ရိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေကို နားလည်ပေးပါလို့ တောင်းပန်ချင်ပါတယ်။
နောက်ထပ်လည်း ဒီလို ဆင်းန်ပုံစံမျိုးကို သင်ဇာ ရိုက်ကူးဖို့မရှိပါဘူး။
ဒီကားကို ရိုက်ပြီးကတည်းက နောက်ထပ်လာပြောတဲ့ ကားတွေမှာ ဒီလိုဆင်းန်မျိုးပါ၊
မပါကို သေချာမေးပြီးမှ လက်ခံရိုက်ကူးတော့တယ်။အခု ဒီကားရိုက်တုန်းက
ဇာတ်ညွှန်းတွေ အရတော့ ဒီကားရဲ့ ကာရိုက်တာကို
ပြင်ဆင်တယ်။ Love ဆင်းန် တစ်ခုပါမယ်ပြောတယ်။ သဉ္ဇာရဲ့ လုပ်သက် ဝါနု သေးတာလည်းပါတော့ သေသေချာချာ မမေးမိဘူး။ ရှုတင် ပေါ်
ရောက်မှ ဒီလိုမျိုးဆိုတော့ လက်ခံပြီးသား အလုပ်တစ်ခုကို ဖြစ် အောင်
လုပ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း နဲ့ ဒီဇာတ်ဝင်ခန်းကို ရိုက်ခဲ့တာပါ။
ဒီကားရိုက်ကူးတဲ့ သူတွေအကုန်လုံးကလည်း အနုပညာကိုပြချင်တဲ့ စိတ်
တစ်ခုကလွဲရင် ဘာမှမရှိပါဘူး။ ဒီပုံစံ ရိုက်မယ်ဆိုတာ သေချာမသိဘဲ
လက်ခံခဲ့တဲ့အတွက် သဉ္ဇာ့ အမှားလည်းပါတယ်။ ဒီကားရိုက် ပြီးကတည်းက
ပရိသတ်တွေကို တောင်းပန်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော် သွားပြီ။ သဉ္ဇာ
ရိုက်ခဲ့တဲ့ကားတွေ အကုန်လုံးကို အတတ်နိုင်ဆုံး ပီပြင်အောင်ကြိုးစားရိုက်ကူး
ထားပါတယ်" လို့ပြောပြပါတယ်။
မေမွန်မောင်
Popular Journal
၁၇.၆.၂၀၁၃၊ တနင်္လာနေ့
လတ်တလောမှာ ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး နေမင်း၊ သဉ္ဇာနွယ်ဝင်း တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ "မာယာများတဲ့ အလင်္ကာ" ဗီဒီယိုဇာတ်ကား မန္တလေးမှာ ထွက်ရှိထားပါတယ်။ ဒီ ဇာတ်ကား ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်းဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဇာတ်ဝင် ခန်း ဖြစ်တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ အဆိုပါ ဇာတ်ဝင် ခန်းနဲ့ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်း ကို ဆက်သွယ် မေးမြန်းတဲ့အခါ..
"တချို့ ပရိသတ်တွေကျတော့ ဒီကားကို ဇာတ်ဝင်ခန်းအရ သရုပ်ဆောင် တာကို နားလည်လက်ခံပေးကြတယ်။ တချို့ ပရိသတ်တွေကျတော့ သူတို့ မျက်လုံးထဲမှာ အမြင်နည်းနည်းရိုင်းတယ် ဆိုတဲ့ ပုံစံမျိုးလေးတွေ ပြောတာ ရှိတယ်။
သဉ္ဇာတို့ အနုပညာသမားတွေက ကိုယ်ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ရတယ်။ အခု ဒီတစ်ကားလုံးမှာဆို ကိုယ်တတ်
နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ တခြားဇာတ်ကား
တွေနဲ့ မတူဘဲ ဒီကားကို ဇာတ်လမ်းအရ ရိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေကို နားလည်ပေးပါလို့ တောင်းပန်ချင်ပါတယ်။
နောက်ထပ်လည်း ဒီလို ဆင်းန်ပုံစံမျိုးကို သင်ဇာ ရိုက်ကူးဖို့မရှိပါဘူး။ ဒီကားကို ရိုက်ပြီးကတည်းက နောက်ထပ်လာပြောတဲ့ ကားတွေမှာ ဒီလိုဆင်းန်မျိုးပါ၊ မပါကို သေချာမေးပြီးမှ လက်ခံရိုက်ကူးတော့တယ်။အခု ဒီကားရိုက်တုန်းက ဇာတ်ညွှန်းတွေ အရတော့ ဒီကားရဲ့ ကာရိုက်တာကို
ပြင်ဆင်တယ်။ Love ဆင်းန် တစ်ခုပါမယ်ပြောတယ်။ သဉ္ဇာရဲ့ လုပ်သက် ဝါနု သေးတာလည်းပါတော့ သေသေချာချာ မမေးမိဘူး။ ရှုတင် ပေါ်
ရောက်မှ ဒီလိုမျိုးဆိုတော့ လက်ခံပြီးသား အလုပ်တစ်ခုကို ဖြစ် အောင် လုပ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း နဲ့ ဒီဇာတ်ဝင်ခန်းကို ရိုက်ခဲ့တာပါ။
ဒီကားရိုက်ကူးတဲ့ သူတွေအကုန်လုံးကလည်း အနုပညာကိုပြချင်တဲ့ စိတ် တစ်ခုကလွဲရင် ဘာမှမရှိပါဘူး။ ဒီပုံစံ ရိုက်မယ်ဆိုတာ သေချာမသိဘဲ လက်ခံခဲ့တဲ့အတွက် သဉ္ဇာ့ အမှားလည်းပါတယ်။ ဒီကားရိုက် ပြီးကတည်းက ပရိသတ်တွေကို တောင်းပန်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော် သွားပြီ။ သဉ္ဇာ ရိုက်ခဲ့တဲ့ကားတွေ အကုန်လုံးကို အတတ်နိုင်ဆုံး ပီပြင်အောင်ကြိုးစားရိုက်ကူး

0 မှတ်ချက်:
Post a Comment