Monday, June 24, 2013

ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသည် ဆိုသော သတင်းများ အတွက် မိမိ ပျော်ရွှင်ကြောင်း စိန့်အက်တနီယန် နောက်ခံလူ ကက်ဇူးမားက ပြောကြား

ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသည် ဆိုသော သတင်းများ အတွက် မိမိ ပျော်ရွှင်ကြောင်း စိန့်အက်တနီယန် နောက်ခံလူ ကက်ဇူးမားက ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် ပြင်သစ်၏ တက်လမ်း အကောင်းဆုံး လူငယ်သွေးသစ် တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသော အသက်(၁၈)နှစ်အရွယ် ဗဟို ခံစစ်သမားလေးကို ပေါင်စတာလင် (၁၀)သန်းဖြင့် ဝယ်ယူရန် ကြိုးစားနေကြောင်း သတင်းများက ဖော်ပြနေသည်။ ဇူးမားကို ရုရှားကလပ် အန်ဇီးကလည်း စိတ်ဝင်စားမှု ပြသနေသည့်တိုင် ချယ်လ်ဆီးက အလားအလာ ပိုကောင်းကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်လျှက် ရှိသည်။ ဇူးမားက ယင်းအခြေအနေသည် မိမိ၏ ခြေစွမ်း အတွက် အသိအမှတ်ပြု ခံရခြင်းဟု ယူဆကာ ကျေနပ်နေခြင်း ဖြစ်သည်။



ဇူးမားက "ချယ်လ်ဆီးလို အသင်း၊ ဟိုဆေးမော်ရင်ဟိုလို ထူးချွန်တဲ့ မန်နေဂျာ တစ်ယောက်က ကိုယ့်ကို စိတ်ဝင်စားတယ်ဆိုတာ ကြားရရင် ခင်ဗျားတို့လည်း ပျော်မိမှာပဲ မဟုတ်လား။ ဒီအနေအထားက ခင်ဗျားတို့ကို ကျေနပ်စေမယ်။ တစ်နည်းပြောရရင် ထိပ်ဆုံး အဆင့်ကို တက်လှမ်းဖို့ လမ်းကြောင်းမှန်နေပြီလို့ ပြသတဲ့ သဘောပဲလေ" ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။ ဇူးမားသည် ပြီးခဲ့သည့်ရာသီက စိန့်အက်တနီယန်အတွက် ပြင်သစ်လီဂူး ပွဲစဉ်ပေါင်း (၁၈)ပွဲ ပါဝင် ကစားပေးခဲ့သည်။ ၎င်းကို QPRက လွန်ခဲ့သော တစ်နှစ်ခန့်က ချိတ်ဆက်ဖူးသော်လည်း လက်တွေ့ မခေါ်ယူနိုင်ခဲ့ချေ။
ဇူးမားက "လောလောဆယ်တော့ ကျွန်တော့် အဆင့်က ထိပ်သီး ကလပ်တွေကို ပြောင်းရွှေ့ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့ ကောက်ချက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်မနေပါဘူး။ ခုချိန်မှာ ကျွန်တော် အသက်(၂၀)အောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက်ပဲ အာရုံ စိုက်ထားပါတယ်။ ကိုယ့်မျိုးဆက်မှာ ထူးချွန်တဲ့ လူငယ် ကစားသမားလေးတွေ အဖြစ် အောင်မြင်ဖို့ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင် ရလိုပါတယ်" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
Ref: Sky Sports

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·