လီဗာပူးလ်သည် ဘယ်လ်ဂျီယံ လက်ရွေးစင် မစ်ဂ်နိုလတ်အား ခေါ်ယူရန် ပေါင်စတာလင် (၁၁)သန်းဖြင့် ဆန်းဒါးလန်း အသင်းထံ ညှိနှိုင်း သဘော တူညီထားကြောင်း သတင်းများက ဆိုသည်။ အဆိုပါ ဂိုးသမားသစ် ရောက်ရှိ လာမှုသည် အန်းဖီးလ်တွင် ကာလရှည်ကြာ နံပါတ်(၁) ဦးစားပေး ဂိုးသမား နေရာကို သိမ်းပိုက်ထားသည့် စပိန် လက်ရွေးစင် ရေနာအတွက် စိန်ခေါ်မှု ဖြစ်လာဖွယ် ရှိနေသည်။ သို့သော်လည်း ရေနာကမူ မစ်ဂ်နိုလတ်ကို နေရာ လုသူဟု သဘော မထားဘဲ ကြိုဆို သွားမည်ဟု ဖွင့်ဟခဲ့သည်။

"ဘာအပြောင်းအလဲမှ ရှိမလာပါဘူး။ ကျွန်တော် အကြိမ်ကြိမ် ပြောဖူးတယ်။ လီဗာပူးလ်မှာ ကျွန်တော်ပျော်တယ်။ အဆင်လည်း ပြေနေတယ်။ အသင်း တစ်သင်းမှာ နေရာအတွက် ပြိုင်ဆိုင်မှုတွေ ဆိုတာက လိုအပ်တဲ့ အရာပါ။ ဂိုးသမားသစ် တစ်ယောက် ထပ်ရောက်လာတယ် ဆိုတာက အပေါင်း လက္ခဏာ ဆန်တဲ့ ကိစ္စပါ။ ကြိုဆိုပါတယ် ဆိုတာထက် ပိုပြီး လက်သင့်ခံရမယ့် အရာပါ။ ကျွန်တော်ကလည်း မစ်ဂ်နိုလတ်ကို ကြိုဆိုနေမှာပါ။ သူလိုအပ်တာတွေလည်း ကျွန်တော် တတ်နိုင်သမျှ ကူညီ ပေးသွားပါမယ်" ဟု ရေနာက ပြောဆိုသွားသည်။
http://www.soccermyanmar.com/index.php?option=com_content&view=article&id=18991:2013-06-24-12-45-35&catid=70:epl&Itemid=124
0 မှတ်ချက်:
Post a Comment