
ရန်ကုန်သို့ ပြောင်းရွှေ့လာစဉ်က ကျော်ကိုကို
"ကျော်ကိုကိုရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပထမဆုံး ပြခဲ့တဲ့ ဆရာဝန်က အမှားလုပ်ခဲ့တယ်။ ဒဏ်ရာ ရရခြင်း ခွဲသင့်ပေမယ့် အဲဒီတုန်းက ဆရာဝန်က ခွဲစရာ မလိုဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် လက်သိုင်းကြိုးနဲ့ ဆေးစားပြီး နေခဲ့ပေမယ့် တော်တော်ကြာတဲ့အထိ မသက်သာတာကြောင့် အခြား ဆရာဝန် တစ်ဦးနဲ့ ပြခဲ့တယ်။ နောက်ဆရာဝန်က ဖြစ်ဖြစ်ချင်း ခွဲသင့်တာ ခုတော့ နောက်ကျသွားပြီလို့ ပြောတယ်။ ခုတော့ ကျော်ကိုကို (၂)ပတ်လောက် နားရဦးမှာပါ"ဟု အိုင်ဗန်ကိုလက်ဗ်က ပြောကြားခဲ့သည်။ ကျော်ကိုကိုသည် မေလဆန်းပိုင်းက ကစားခဲ့သည့် ဟံသာဝတီ ယူနိုက်တက်နှင့် ပွဲတွင် ဟံသာဝတီ နောက်ခံလူ ကလစ်ဖို့ဒ်နှင့် ထိခိုက်မိကာ ညှပ်ရိုးကျိုး ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။
"နောက်ထပ်ပြတဲ့ ဆရာဝန်ရဲ့ အပြောအရတော့ ဖြစ်ဖြစ်ခြင်းမှာ ခွဲခဲ့သင့်ပေမယ့် မခွဲခဲ့လို့ ခုတော့ ခွဲဖို့မဖြစ်နိုင်တော့ဘူးလို့ ပြောတယ်။ လက်ရှိမှာတော့ ဒဏ်ရာကို သက်သာအောင် ဆေးပဲစားနေရတယ်။ နောက်(၂)ပတ်လောက် ဆိုရင်တော့ အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လုပ် နိုင်မှာပါ။ ဒါပေမဲ့ ကျော်ကိုကိုရဲ့ ဒဏ်ရာက မခွဲစိတ်လိုက်ရတော့ အရှင်းတော့ ပျောက်မှာ မဟုတ်ဘူ။ နောက်တစ်ကြိမ် ထပ်ထိရင် အခုထက် ပိုပြီး ခံစားရမယ်။ လုံးဝ ရှင်းရှင်း ပျောက်ချင်ရင်တော့ (၆)လလောက် နားမှရမယ်"ဟု အသင်းမှ တာဝန်ရှိသူ တစ်ဦးက ကျော်ကိုကို၏ ဒဏ်ရာနှင့် ပတ်သက်သည့် နောက်ဆုံး အခြေအနေကို ပြောပြခဲ့သည်။ ကျော်ကိုကို သက်သာလာရန် နီးစပ်ချိန်တွင် ကြည်လင်းမှာမူ ဧရာဝတီနှင့် ပွဲတွင် ရခဲ့သည့် ဒဏ်ရာကြောင့် ဒဏ်ရာရ ကစားသမား စာရင်းထဲသို့ ပြန်လည် ပါဝင်သွားခဲ့ပြီ ဖြစ်သည်။
http://www.soccermyanmar.com
0 မှတ်ချက်:
Post a Comment