Monday, June 24, 2013

The Booth Pro

Yo! .. What's up .. Come on .. Come on .. :)

The Booth Pro ကတော့ Hip Hop crazy တွေ အတွက်ပါ။
ံHip Hop ကို ၀ါသနာပါတယ် ဒါပေမဲ့ Beats တွေ မဖန်တီးတတ်ဘူး
ဖြစ်နေတဲ့ ၀ါသနာရှင်တွေအတွက် နိုင်ငံတကာမှ Hip Hop crazy များ
တီးခတ်ထားတဲ့ Beats တွေကို download ဆွဲနိုင်မှာ ဖြစ်ပါတယ်။
The Booth Pro ဟာ Hip Hop ချစ်သူတွေအတွက် ထည့်ထားသင့်တဲ့
app တစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင်တီး(သို့)ကိုယ်တိုင်ရွတ် Rap တွေကို
အချင်းချင်း မျှဝေနေကြတဲ့ Hip Hop Social တစ်ခုဖြစ်ပါတယ်။
internet ချိတ်ပြီး အသုံးပြုရပါမယ်။ Register ကို free လုပ်နိုင်ပါတယ်။
email တစ်ခုရှိရုံနဲ့ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ကိုယ်တီးခတ်ထားတဲ့
Beats တွေလဲ share နိုင်သလို သူများတီးထားတဲ့ Beats တွေလဲယူနိုင်တယ်။ Free Style ရွတ်ချင်သူများအတွက် Beats များစွာ download ဆွဲနိုင်တယ်။ သီချင်းတစ်ပုဒ် ဖန်တီးဖို့ လိုအပ်တဲ့ Beats တွေကို Studio မလိုပဲ မိမိဖုန်းထဲမှာတင် ရှာဖွေကာ ကိုယ့်ရဲ့ Rap Skill ကို မြှင့်တင်နိုင်ပါတယ်။ The Booth Pro မှာ နိုင်ငံတကာမှ Hip Hop သမားတွေ အများကြီးရှိနေလို့ သင့်အတွက် အလန်းစား Beats တီးလုံးများ စောင့်မျှော်နေတယ်ဗျာ :)
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox -
https://www.dropbox.com/s/f3j63ivoc6td96b/Mr.AD-Booth1.8.6_19.apk

copy - https://copy.com/iHBSZZp1HQck

ပျော်ရွှင်ပါစေ။



Mr.AD

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·