ဆန်းသစ်သော
အသွင်အပြင်၊ အသုံးပြုရ လွယ်ကူလျင်မြန်မှု၊ သာလွန်သော ပေါင်းစပ်မှုများဖြင့်
ထွက်ရှိလာခဲ့သော Ubuntu Touch OS ကို android ဖုန်းနှင့် တက်ဘလက်များတွင်
အခမဲ့ ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ တရားဝင် Beta Version
မှာ အောက်တိုဘာလတွင် ထွက်ရှိမည်ဖြစ်သော်လည်း သုံးစွဲသူများနှင့်
ရင်းနှီးကျွမ်းဝင်မှု ရှိနေစေရန်အတွက် စမ်းသပ်သုံးစွဲလိုသူများအား
https://wiki.ubuntu.com/TouchDevices
တွင် download လုပ်၍ သုံးနိုင်ရန် စီစဉ်ပေးထားပြီဖြစ်သည်။ Ubuntu ၏
မူအတိုင်း developer များမှ လိုအပ်သလို ပြောင်းလဲ ပြုပြင်နိုင်ရန်အတွက်
developer preview ကိုပါ
https://wiki.ubuntu.com/Touch/Install
တွင် တင်ပေးထားပြီး အပတ်စဉ် update များ ရရှိမည်ဖြစ်သည်။ Ubuntu OS
သုံးဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာများသည် တစ်ပေါင်းတစ်စည်းတည်း
အသုံးပြုနိုင်သောကြောင့် ဖုန်း၊ တက်ဘလက်အတွင်းရှိ data များကို
ကွန်ပျူတာဖြင
့် အလွယ်တကူ
ပေါင်းစပ်လုပ်ငန်းများ ပိုမိုမြန်ဆန်ရန် လုပ်ကိုင်နိုင်သည်။ ထို့ကြောင့်
မော်နီတာ၊ ကီးဘုတ်နှင့် ချိတ်ဆက်လိုက်သည့် Ubuntu OS သုံးဖုန်း၊
တက်ဘလက်များမှာ PC တစ်လုံးကဲ့သို့ပင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အဆိုပါ
Ubuntu မိုဘိုင်း OS ကို မြန်မာဘာသာဖြင့် အသုံးပြုရန် ပြောင်းလဲနိုင်ပြီး
မြန်မာ developer များထဲမှ apps ရေးသားလိုသူများကိုလည်း ကူညီပေးမည်ဟု
သိရသည်။ Ubuntu OS အတွက် apps များကို QML, JavaScript စသော Programming
Language များဖြင့် အလွယ်တကူ ရေးသားနိုင်သည့်အပြင် android နှင့် iOS
များကဲ့သို့ ကန့်သတ်ချက်များ မရှိဘဲ လွတ်လပ်စွာ ရေးသားနိုင်သည်။ လာမည့်
၂၀၁၄ ခုနှစ်တွင် Ubuntu ဖုန်းများကို စတင်ဝယ်ယူနိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိပြီး Ubuntu မိုဘိုင်း OS ကို ကြိုတင်ထည့်သွင်း
အသုံးပြုလိုပါကလည်း Android ဖုန်းများတွင် ထည့်သွင်းနိုင်ပြီ ဖြစ်သည်။
Ubuntu Tablet and Mobile Operating System နှင့် ပတ်သက်၍
သိရှိလိုသည်များနှင့် အခက်အခဲများ ရှိပါက Ubuntu Myanmar LoCo Team, အမှတ်
၁၂၊ ပထမထပ်၊ အောင်တော်မူလမ်း၊ မြေနီကုန်းသို့ ဆက်သွယ် စုံစမ်း
မေးမြန်းနိုင်ပြီး နည်းပညာပိုင်းနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါက
Ubuntu ကုမ္ပဏီ email- gomobile@ubuntu.com သို့ ဆက်သွယ်
မေးမြန်းနိုင်ကြောင်း သိရသည်။
0 မှတ်ချက်:
Post a Comment