မိုဘိုင်းအင်တာနက်
လျှောက်ထားချင်သူတွေအတွက် သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 133
ကတစ်ဆင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ပြီလို့
မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက
သိရပါတယ်။
ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်းရှိဖို့လိုပါတယ်။
လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့်အနည်းငယ်အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျပြန်ပို့ပေးလာခဲ့ရင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။ မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။
Credit To >The Modern News Journal
Posted by Nicky ( Slidjer Nicky ) Apk & Apk

0 မှတ်ချက်:
Post a Comment