အဆုတ်ကင်ဆာကို
ကာကွယ်နိုင်သည့် အစားအစာများမကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ
မြင့်တက် လာပါတယ်။ အထူးသဖြင့် အမျိုးသား တွေနဲ့ နှိုင်းယှဉ်ရင် အဆုတ်
အရွယ်အစား သေးငယ်တဲ့ အမျိုးသမီး တွေမှာ အဖြစ်များ လာပါတယ်။ ဒါပေမဲ့ အဆုတ်
ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ် သောက်သူ
ဖြစ်နေရင်တောင် ကာကွယ်နိုင် ပါသတဲ့။ အောက်ပါ နည်းလမ်း တွေဟာ အဆုတ်
ကျန်းမာရေးကို ကောင်းမွန် စေနိုင်ပြီး ကင်ဆာဖြစ်နိုင် ခြေကို ၆၇
ရာခိုင်နှုန်းကျော် အထိ လျှော့ချ နိုင်ပါတယ်။
ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင်
ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေ တဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ်
ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ် ရီသီးအခြောက် ဒါမှမဟုတ် ခရင်မ် ဘယ်
ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။
တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ
ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol
တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့
အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ
ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်
နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။
နေ့စဉ် နှစ်အောင်စမှီဝဲပါ။
ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ
သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ် တွေကို
ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်း
မပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက် ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆
ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ
သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး
လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို
ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း
စွမ်းရည်ကို လျှော့ချထားလို့ပါ။
အနီရောင်ဂရိတ်ဖရုသီး စားပါ
အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ
၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ်
သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ်
ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ
နှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့်
ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ
သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာ လည်း တူညီတဲ့
အစွမ်းရှိတယ်လို့ သိရပါ တယ်။
Ref: Good Health
အင်းလေးမီဒီယာ ဆီမှကူးယူဖော်ပြပါသည်
------------------------------ ------------------------------ --------------
Posted By မြန်မာ့သတင်းများစုစည်းရာ (MNC)
အဆုတ်ကင်ဆာကို
ကာကွယ်နိုင်သည့် အစားအစာများမကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ
မြင့်တက် လာပါတယ်။ အထူးသဖြင့် အမျိုးသား တွေနဲ့ နှိုင်းယှဉ်ရင် အဆုတ်
အရွယ်အစား သေးငယ်တဲ့ အမျိုးသမီး တွေမှာ အဖြစ်များ လာပါတယ်။ ဒါပေမဲ့ အဆုတ်
ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ် သောက်သူ
ဖြစ်နေရင်တောင် ကာကွယ်နိုင် ပါသတဲ့။ အောက်ပါ နည်းလမ်း တွေဟာ အဆုတ်
ကျန်းမာရေးကို ကောင်းမွန် စေနိုင်ပြီး ကင်ဆာဖြစ်နိုင် ခြေကို ၆၇
ရာခိုင်နှုန်းကျော် အထိ လျှော့ချ နိုင်ပါတယ်။
ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေ တဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ် ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ် ရီသီးအခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။
တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ
ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စမှီဝဲပါ။
ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ
သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်း မပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက် ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။
အနီရောင်ဂရိတ်ဖရုသီး စားပါ
အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ် သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ နှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာ လည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါ တယ်။

------------------------------
Posted By မြန်မာ့သတင်းများစုစည်းရာ (MNC)
0 မှတ်ချက်:
Post a Comment