
တွေ့ရပါတယ်။ ဒါ့အပြင် ပွဲအစ ၁မိနစ်မှာပဲ အာဆင်နယ်တို့ အခွင့်အရေး စရခဲ့ပြီး မယ်လိုရဲ့ မှားယွင်းမှုကို ဆာနိုဂို အသုံးမချနိုင်ခဲ့လို့ ဂိုးတော့ မရခဲ့ပါဘူး။ အာဆင်နယ် ပရိသတ်တွေဟာ ပွဲချိန် အစောပိုင်း အသင်းရဲ့ စွမ်းဆောင်မှုကို ကျေနပ်ခဲ့ကြပြီး ပွဲချိန် ၁၈မိနစ်မှာ ရမ်ဆေးရဲ့ ပေးပို့မှုကနေ ၀ဲလ်ကော့ ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀မှာလည်း ကာဇိုလာ ဖန်တီးပေးတာကို ၀ဲလ်ကော့ ကန်သွင်းခဲ့ပေမယ့် မူဆလီရာ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နောက် ၉မိနစ် အကြာမှာတော့ အာဆင်နယ်တို့ ဂိုးစရသွားခဲ့ပြီး ဒီဂိုးကို ၀ဲလ်ကော့က သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဂါလာတာစာရေးတို့ ဂိုးသွင်းခွင့် ပြန်ရလာခဲ့ပြီး ထောင့်ကန်ဘောကနေ ဂိုးသွင်းဖို့ ကြိုးပမ်းတာကို ရှက်ဇီနီ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဂီးရော့ဒ်အတွက် အကောင်းဆုံး ဂိုးသွင်းခွင့်တွေ ရလာခဲ့ပြီး ဒီကစားသမားကတော့ အသုံးမချနိုင်ခဲ့ပါဘူး။
ဒါဟာ ဂါလာတာစာရေးကို အားတက်စရာ ဖြစ်လာစေခဲ့ပြီး ပွဲချိန် ၇၈ မှာတော့ ဒရော့ဘာကို အာဆင်နယ် နောက်ခံလူ မီဂွယ် ဖျက်ထုတ်ပုံ ကြမ်းတမ်းကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဒီပင်နယ်တီကို ဒရော့ဘာက ချေပဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။ ဒရော့ဘာဟာ ချဲလ်ဆီး ကစားသမားဘ၀မှာ အာဆင်နယ်ကို ဒုက္ခပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သလို အခုပွဲမှာလည်း အာဆင်နယ်ကို ရှုံးပွဲကြုံစေခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၈၆မိနစ်မှာ ရှနိုက်ဒါ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဒရော့ဘာ တစ်ချက်ထိန်းပြီး ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့လို့ အာဆင်နယ်တို့ အသည်းကွဲခဲ့ရပြီး ဂါလာတာစာရေးကတော့ အိမ်ရှင်ကို အနိုင်ကစားပြီး အမ်းမရိတ်စ်ဖလား ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ရိုးရာလေး
0 မှတ်ချက်:
Post a Comment