Wednesday, August 7, 2013

“လှေဆိပ်မှာ မှို့အိတ် မဖြေမိပါစေနဲ့”

* ပြဿနာဆိုတာ ဖြေရှင်းရမဲ့ ပြဿနာရှိသလို မဖြေ
ရှင်းပဲ လျစ်လျှူရှု ဥပေက္ခာပြုလိုက်ရမဲ့ ပြဿနာတွေ
လည်း ရှိတယ်။ ပြဿနာတိုင်း ဖြေရှင်းဖို့ မလိုအပ်ဘူး။

* အချို့ပြဿနာတွေက ဆရာကယ်မှ ထောင်လုံးလုံး
ကျဆိုတာ မျိုးဖြစ်တတ်တယ်။ ခုခေတ်မှာ အများကြီး
တွေ့လာရတယ်။ မီဒီယာခေတ်ကိုရောက်လာသည်နှင့်
အမျှ ကောင်းတာလည်း မြန်တယ်။ ဆိုးတာလည်း ချက်
ခြင်း ပြန့်နှံ့သွားတယ်။

* ဘုရားရှင်လက်ထက်တော်အခါက အရှင်ဒဗ္ဗဆိုတဲ့ ရ
ဟန္တာမထေရ်မြတ်ကို မနာလိုရှုစိမ့်ဖြစ်တဲ့ ရဟန်းအုပ်စု
အချို့က မဟုတ်မဟတ်လုပ်ဇာတ်ဆင်ပြီး စွပ်စွဲတယ်။
ဒါကို သံဃာ့ပရိတ်သတ်အလယ်မှာ ဘုရားရှင်က အရှင်
ဒဗ္ဗကိုခေါ်ပြီး ပြဿနာကို ဖြေရှင်းတယ်။

* အရှင်ဒဗ္ဗဆိုတာ ၇ - နှစ်သားအရွယ်ကတည်းက ရ
ဟန္တာဖြစ်ခဲ့သူ၊ ရဟန်းကိစ္စပြီးလို့ ဆွမ်းစားကျောင်းဘုန်း
ကြီး တာဝန်ယူခဲ့သူပါ။ အချိန်ရတဲ့အခါ နောက် အရှင်
ဒဗ္ဗအကြောင်း တင်ပေးပါမယ်။ ဒီနေရာမှာ အဓိကပြော
ချင်တာက ပြဿနာတစ်ခုကို ကိုင်တွယ်ပုံနည်းလမ်းကို
ပြချင်လို့ပါ။

* ဘုရားရှင်က အရှင်ဒဗ္ဗကို “ ဒဗ္ဗမင်းလုပ်ရပ်က ဟုတ်
သလား၊ မဟုတ်ဘူးလား” လို့မေးတော့ အရှင်ဒဗ္ဗက ဘု
တပည့်တော်ရဲ့ လုပ်ရပ်ကို အရှင်ဘုရားလည်း သိတယ်။
တပည့်တော်လည်း သိတယ်လို့ ဆိုတယ်။ သူပြောချင်
တာက တပည့်တော် ၇ - နှစ်သားအရွယ်က ရဟန္တာဖြစ်
ခဲ့သူ၊ သူတို့ ပြောတဲ့အမှုမျိုးကို အိမ်မက်တောင် မမက်ခဲ့
ဖူးပါလို့ ပြောလိုက်တာပါ။

* ဒါကို ဘုရားရှင်က “ မင်း ငြိမ်မနေနဲ့၊ ဟုတ်ရင် ဟုတ်တဲ့
အကြောင်း၊ မဟုတ်ရင် မဟုတ်တဲ့ အကြောင်းရှင်း” လို့ မိန့်
တော်မူတယ်။ ဒီနေရာမှာ အရှင်ဒဗ္ဗဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး
လဲဆိုတာ ဘုရားနဲ့ အခြားရဟန္တာမထေရ်တွေလောက်ပဲ သိ
တယ်။ သာမန်လူတွေ မသိနိုင်ဘူး။ ဒါကြောင့် သာမန်ပုထု
ဇဉ်တွေ သို့လော၊ သို့လော ယုံမှားမိ၊ အပြစ်တင်မိမှာစိုးလို့
ဖြေရှင်းခိုင်းရတယ်။ ဒါကတော့ ဖြေရှင်းရမဲ့ ပြဿနာပေါ့။

* နောက်သာဓကတစ်ခု ဘုရားရှင်ကို စိဉ္စမာဏ စွပ်စွဲတယ်။
ဘုရားရှင်က “ဒီလုပ်ရပ်ဟာ နင်ကိုယ်တိုင်အသိဆုံး” ဆို
တယ်။ သိပ်ပြီး ဖြေရှင်းမနေဘူး။ မြတ်ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂို
လ်မျိုးလဲဆိုတာ လူတိုင်းနီးပါသိတယ်။ အသေးစိတ်ဖြေရှင်း
နေဖို့လည်း မလိုအပ်ဘူး။ ဒီလိုသာဓကတွေများစွာရှိတယ်။

* အချို့ပြဿနာတွေက နှစ်ဦး နှစ်ဖက်ထိပ်တိုက် ရင်ဆိုဖြေ
ရှင်းလိုက်ရင် ပြေလည်သွားတယ်။ သံသယ ကင်းသွားတယ်။
နှစ်ဦး နှစ်ဖက်အကျိုးလည်း ရှိသွားတယ်။

* အချို့ပြဿနာတွေကတော့ အကျိုးမရှိတဲ့အပြင် အကျိုးမဲ့
မဲ့တွေ ဖြစ်သွားတတ်တယ်။ ပိုမိုဖောင်းပွသွားတယ်။ ကြီးထွား
သွားတယ်။ ကျယ်ပြန့်သွားတယ်။ ပြဿနာတိုင်း ပြဿနာတိုင်း
မဟုတ်ရင် မခံဘူးဟေ့ဆိုပြီးလိုက်ဖြေရှင်းနေရင်လည်း လူတွေ
ပြောနေကြစကားအတိုင်း “ ငပွကြီး” ဖြစ်သွားတတ်တယ်။

* ဒီပြဿနာတွေဟာ ငါ့အတွက်ဖြေရှင်းရမဲ့ ပြဿနာလား၊ မ
ရှင်းဘဲထားလိုက်ရမဲ့ ပြဿနာလားဆိုတာ သေချာစဉ်းစားဖို့လို
အပ်တယ်။ တခါတလေ ခြားကသံတမန်အနေနဲ့ ဖြေရှင်းပေးတဲ့
သူတွေလည်း ရှိတယ်။ အဲဒီလူတွေလည်း သေချာ စဉ်းစားသင့်
တယ်။ငါ ဖြေရှင်းပေးလိုက်လို့ သူတို့အတွက် ကောင်းကျိုးနဲ့ ဆိုး
ကျိုးယှဉ်လိုက်ရင် ဘယ်အရာက အလေးသာမလဲဆိုတာစဉ်းစား
သင့်တယ်။

* ဒါကြောင့် ပြဿနာတိုင်းဟာ ငါ့အတွက် ဖြေရှင်းသင့်တဲ့ ပြဿ
နာလား၊ မရှင်းသင့်တဲ့ ပြဿနာလားဆိုတာ သေချာစဉ်းစားတွေ
ခေါ်ကြရင်း လှေဆိပ်မှာ မှို့အိတ်လည်း မဖြေမိပါစေနဲ့။ ငပွကြီး
လည်း မဖြစ်ပါစေနဲ။ ဆရာကယ်မှ ထောင်လုံးလုံးကျတဲ့ အဖြစ်မျိုး
လည်း မရောက်ကြပါစေနဲ့။

“ဌေး”သာမဏေကျော်ဆရာတော်

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·