Wednesday, August 7, 2013

အိုင်ဖိုး ခိုးသူကို Dropbox ကြောင့်ပြန်တွေ့

ဇူလိုင်လကုန်တုန်းကပေါ့။ စပိန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူ့ iPhone ပျောက်ဆုံးသွားပါတယ်။ အားလုံး သိထားသလိုပဲ find my iPhone တို့လို App မျိုးနဲ့ရှာပေမယ့် ပြန်မတွေ့ပါဘူး။ သို့ပေမယ့် ကံကောင်းပါတယ်။
ဖုန်းက Dropbox နဲ့ Sync လုပ်ထားပြီး ပုံတွေရိုက်လိုက်တိုင်း ဓာတ်ပုံကို Dropbox အကောင့်ထဲကို Auto upload and save ဖြစ်သွားပါတယ်။ ဒီတော့ အမျိုးသမီးဟာ သူ့ Dropbox ကိုဝင်စစ်ပြီး ဖုန်းရဲ့  Location ကို ကြည့်လိုက်တော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ ဖြစ်ပြီး အခန်းဖော်နဲ့ နေနိုင်သူတစ်ဦးကို တွေ့ရှိလိုက်ပါတယ်။ ဒီတော့ သူခိုးက မသိသေးသေမယ့် ပိုင်ရှင်က အရင်သိသွားပြီး အွန်လိုင်းမှာ ဖြန့်ပါတော့တယ်။

အလားတူ ဖြစ်ရပ်မျိုး မြန်မာပြည်မှာလည်း ဖြစ်ခဲ့ပါသေးတယ်။ iPad ပါ။ ရန်ကုန်မှာပျောက်ပါတယ်။ တစ်နေရာရာမှာကျန်ခဲ့တာပါ။ ဒါကို မိန်းကလေးတစ်ဦးက ကောက်ရပါတယ်။ သို့ပေမယ့် iPad ကိုမသုံးတတ်သူ မိန်းကလေးက ယင်း iPad နဲ့ ဓာတ်ပုံ တွေ တစ်ပုံပြီး တစ်ပုံ ရိုက်ပါတယ်။ ယင်း iPad က သူ့ရဲ့  iTune နဲ့ Sync လုပ်ထားပါတယ်။ ဒီတော့ ကလေးမလေး ရိုက်သမျှပုံ iTune အကောင့်ထဲ ဝင်နေပြီး သင့် iPad ဘယ်မှာရှိတယ်ဆိုတာကို သေသေချာချာ ပြနေပါတော့တယ်။ သူကလည်း ယင်းကောင်မလေးရဲ့ ပုံကို Facebook ပေါ်တင်လို့ တွေ့လိုက်တာပါ။

နည်းပညာ ပစ္စည်းများကို ရှာဖွေဖို့ လွယ်တယ်ဆိုပေမယ့် ခက်လည်းခက်တတ်ပါတယ်။ Sim Card ထုတ်တာ လောက်နဲ့ မလုံလောက်တော့တဲ့ ခေတ်ကြီးမှာ အင်တာနက်သာ ရှိရင် ဖုန်းဆိုတာ၊ နည်းပညာ ပစ္စည်းဆိုတာ အလွယ်တကူ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ IP Address, Mac Address ၂ ခုကိုမှတ်သားလို့ ယင်းပစ္စည်းကို အလွယ်တကူ ရှာတွေ့နိုင်ပြီး အလားတူ ဖြစ်ရပ်မျိုးများ ကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်နေကြောင်း သိရပါတယ်။

.
Ref: mashable.
Aung Kham (MM Social Sky)

အေးချမ်းမွန် Credit To >>2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက် << Thanks
Re-posted By ACM 7-8-2013
https://www.facebook.com/excellencemedia

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·