Tuesday, August 20, 2013

Firefox ကို မြန်အောင်လုပ်ကြည့်ရအောင်

အကယ်၍မိမိ သုံးနေတဲ့ Firefox က 2 စက္ကန့်အကြာ Not Responding ဆိုပြီးဖြစ်ဖြစ် နေတဲ့အခါမျိုးသော်လည်ကောင်း ။ Hungs သလိုမျိုးဖြစ်ဖြစ်နေပြီး အရမ်းလေးနေတယ်လိုခံစားမိတဲ့အခါမျိုး မှာပေါ့။ ကျွန်တော်တို့လုပ်ဆောင်နိုင်တစ့်ခြားနည်းလမ်းလေးတစ်ခုကို ဒီနေ့မှ ကျွန်တော်တွေ့မိပါတယ်။ တွေ့ရတဲ့အကြောင်းရင်းက ကျွန်တော့်ရုံးကစက်က ခဏခဏ ဖြစ်နေတာ တစ်ခုခုလုပ်မယ်ကြံရင်သူ့ကိုပဲစောင့်စောင့်နေရတယ်..နောက်တစ်ခု ကFirefox က hung သွားရင်း တစ်ခြား application တွေကို ဘာမှလုပ်မရတော့ဘူး ဒါကိုသတိထားမိနေတယ်..ဥပမာ ဗျာ..ကျွန်တော် player တစ်ခုနဲ့ သီချင်းဖွင့်ထားတယ်.Firefox က hung သွားတယ် အမှန်ဆို Firefox ပဲသုံးလို့မရဖြစ်ရမယ်..မဟုတ်ဘူး သီချင်းပါရပ်သွားတယ်..ဒါ့အပြင် ဘာဖွင့်လိုက်ဖွင့်လိုက် load time က ကြာလိုက်တာ ။ ကျွန်တော့်ရုံးက network အဲ့လောက်ထိမနှေးပါဘူး။
ဒါနဲ့ထုံးစံအတိုင်း google မှာပြေးရတာပေါ့ ။ တွေ့ပါပီ လက်သည်တရားခံ က Firefox>> Menu bar >. Tools>> Options>> Advance ရဲ့အောက်မှာ General ထဲက Browsing ဆိုတဲ့ အခန်း မှာပါရှိ တဲ့ Hardware acceleration ပါ သူ့ကို Firefox ရဲ့ Default မှာက On ထားပေးပါတယ်။ ဒါပေမဲ့ Firefox ရဲ့ အဲဒီ function လေးက သိပ်မပြည့်စုံးသေးဘူလို့ သိရပါတယ်။ ဘယ်လိုလဲဆိုတော့ တစ်ချို့ Video Card တွေ Driver တွေမှာ အဲဒီကောင်နဲ့ ပြဿနာရှိနေလို့ပါပဲ။
ဒါကြောင့် ရုံးကစက် အဟောင်းတွေမှာ Firefox က Hung သွားပြီးဆိုရင် တစ်ခြား Run ထားတဲ့ applications တွေပါ hung ကုန်ပါတယ်။ ဒီတော့ Firefox ကို ကျွန်တော်တို့ Browsing History တွေကိုရှင်းထုပ်တယ်..နောက် လေးနေတုန်းပဲ Reset ချတယ်..ဒါလည်းလေးနေတုန်းပဲဆိုရင်တော့ အောက်ကပုံမှာပြထားတဲ့ နေရာလးက Hardware Acceleration ဆိုတာလေးကို အမှန်ချစ်လေး ဖြုတ်ပြီး ပိတ်လိုက်ပါ ပြီးရင် Firefox ကို restart ချလိုက်ပါ ။ သုံးကြည့်ပါ အာမခံပါတယ် ခါတိုင်း 20 စက္ကန့်လောက် loading time ကြာနေတတ်တဲ့ page တစ်ခုကို သူ့ကိုဖြုတ်ပြီးတာ နဲ့ 2 စက္ကန့်လောက်ပဲ loading time ယူပြီးတတ်လာတာကို တွေ့ရပါလိမ့်မယ်.။Maxthon လောက်ကတော့ Firefox က သနားတယ်။ ..
ကျွန်တော်ကတော့ ဒီနေ့လက်တွေပဲ ရုံးက စက်အဟောင်းတွေကြားမှာ Firefox ကိုသုံးရင် ပျော်ရွှင်နေမိပါတယ်။
သိပီးသားဆိုရင်တော့ ဆောရီးဗျာ...ကျွန်တော်ကတော့ အခုမှသိတယ်။ တစ်ခြားမသိသေးတဲ့သူတွေအတွက်ပါ ။

B@B

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·