Saturday, August 10, 2013

How to Create the any blog to APK File

ကိုယ်ပိုင် APK လုပ်ချင်တဲ့ဘော်ဒါတွေအတွက် APK ဖိုင်လုပ်နည်းပါ…
http://www.myanmarmobiletutorial.com က ကို Sai Mg Mg ကို Credit ပေးပါတယ်
မူရင်းတင်ထားပေးတဲ့ ဦးဇာနည်ကိုလဲ credit ပေးပါတယ်ဗျာ ….
001
ကဲကျွန်တော်ဒီတစ်ခါပြောမယ့်အကြောင်းအရာကတော့
Web Site တွေ Facebook Group တွေ၊ Facebook
Page တွေကို Android Application (APK) လုပ်တဲ့နည်း
လေးဖြစ်ပါတယ်။အဓိက ကတော့ ကျွန်တော်တို့ ကိုယ်တိုင်
APK ဖိုင်တွေကို ရေးဖို့ဆိုတာမလွယ်ပါဘူး။မိမိက Developer
တစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့အကြောင်းမဟုတ်ဘူးပေါ့
အခုကျွန်တော်ပြောမယ့်နည်းလေးက Developer တစ်ယောက်
ဖြစ်စရာလည်းမလိုပါဘူး။ မိမိ နှစ်သက်ရာ၊ မိမိဖတ်နေကျဘလော့
လိပ်စာ၊ Web Site လိပ်စာလေးတွေကို APK ဖိုင်လုပ်။ အွန်လိုင်း
သုံးတဲ့အချိန်မှာ ဖွင့်ပီး Cache ရအောငသွင်း ဆိုလိုတာက ဒေတာ
များကိုဖတ်ထားခြင်းကိုဆိုတာပါ။ဒါဆိုရင် Offline မှာလည်း မိမိဖတ်
ချင်တာလေးတွေ ပြန်ပီးဖတ်လို့ရပါတယ်။ကဲ စကားတွေများသွားပီ
နဲ့တူတယ် ဆက်လိုက်ရအောင် ….
အရင်ဆုံးကျွန်တော်တို့ http://www.appsgeyser.com/ လင့်ခ်ကို
သွားပါဒါဆိုရင် APK Create လုပ်ဖို့အတွက် Page ကိုရောက်သွားပါ
လိမ့်မယ်။ဒါဆိုရင် အောက်မှာမျှားအနီနဲ့ပြထားတဲ့ Create APP Now
ဆိုတာလေးကိုနှိပ်လိုက်ပါ။
002
ဒါဆိုရင် အောက်ပါပုံအတိုင်း ထပ်မံပေါ်လာမှာဖြစ်ပါတယ်
003
အထက်ပါပုံအတိုင်းမျှားအနီလေးကိုကျွန်တော်တို့ကရွေးပေး
ရမှာဖြစ်ပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က မိမိ
နှစ်သက်ရာ Website လိပ်စာ၊ Blog လိပ်စာကိုကို APK လုပ်
မှာဖြစ်လို့ဖြစ်ပါတယ်။ ကဲဆက်သွားရအောင်လားဗျာ………..
ကဲကျွန်တော်က ကျွန်တော့်ဘလော့လေးကို APK ဖိုင်လုပ်ပုံ
လေးပြပေးမယ် ဒီတော့ ကျွန်တော်က ကျွန်တော့်ဘလော့
လိပ်စာလေးကိုကော်ပီကူးလိုက်မယ်အောက်ကပုံအတိုင်းပေါ့
004
ပီးသွားရင် ကျွန်တော်က ကူးလိုက်တဲ့ Blog လိုပ်စာလေးကို
အောက်ဖော်ပြပါပုံထဲမှ နံပါတ် ၁ နေရာမှာ ကူးထည့်လိုက်ပါ
မယ်
 005
နံပါတ် ၂နေရာမှာတော့ မိမိ နှစ်သက်ရာအမည်ကိုပေးလို့ရ
ပါတယ်။နံပါတ် ၃နေရာမှာလည်း မိမိ နှစ်သက်ရာအမည်ကိုပေးလို့
ရပါတယ်။ ကဲဆက်သွား၇အောင် အခုက APK အတွက် ICON ထည့်
မှာဖြစ်ပါတယ်။ဒီတော့ သင်တို့က မိမိ နှစ်သက်ရာ Icon ကိုထည့်လို့
ရပါတယ်။ကျွန်တော်တို့က Icon နေရာမှာ Custom Icon ကိုရွေးပေး
လိုက်ပါ ဒါဆိုရင် အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
006
ဒီအခါမှာ Choose File ဆိုတဲ့နေရာမှ မိမိ နှစ်သက်ရာ Icon ကိုရွေးပေး
ရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ PNG ဖိုင် ဖော်မတ်က ပိုကောင်း
ပါတယ်။ ဒါကြောင့် PNG ဖိုင်ကိုရွေးပေးစေလိုပါတယ်။ ပီးသွား၇်ငတော့
Regtangle tools နဲ့ မိမိ နှစ်သက်ရာ Area ကိုသတ်မှတ်ပေးပီး SUBMIT
ဆိုတာကိုနှိပ်လိုက်ပါ ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
007
ပီးနောက်  Category: ဆိုတဲ့နေရာမှ မိမိနှစ်သက်ရာအကြောင်းအရာကို
ရွေးပေးလို့ရပါတယ်။ကျွန်တော်ကတော့ Blogs လို့ပဲရွေးပေးထားပါတယ်။
ဒီ့နောက် ကျွန်တော်တို့က ညာဘက်ခြမ်းမှအောက်ဖော်ပြပါပုံမှာ
008
Click Here to see the preview ဆိုတာကိုနှိပ်ပီး တစ်ချက် Preview
ကြည့်ပါမယ်
009
ဒါဆိုရင်အထက်ပါပုံအတိုင်း သင်ဖန်တီးမယ့် APK ဖိုင်မှာဖော်ပြမယ့်
စာမျက်နှာပြင်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ကအောက်မှာပြထားတဲ့ပုံအတိုင်း
010
မျှားအနီလေးနေရာ CREATE APP ဆိုတာကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင်သူက အောက်ဖော်ပြပါပုံအတိုင်း
011
အကောင့်ဖွင့်ခိုင်းပါလိမ့်မယ် ကျွန်တော်တို့က အလုပ်ရှုပ်လို့တစ်ခါ
တည်းအဆင်ပြေအောင် မျှားအနီပြထားတဲ့နေရကနေ Facebook
နဲ့ Connect လှမ်းလုပ်မှာဖြစ်ပါတယ်။
 012
သင်က Facebook Account ကိုဖွင့်ထားတယ်ဆိုရင် အထက်ပါပုံ
အတိုင်းတန်းပွင့်လာမှာဖြစ်ပီး မဖွင့်ထားဘူးဆို၇င်တော့သင့် Facebook
Account ကို ၀င်ပေးရမှာဖြစ်ပါတယ်။ စိတ်ချလက်ချဝင်နိုင်ပါတယ်ဒါဟာ
Attacking Site မဟုတ်သလို Pushing Page လည်းမဟုတ်ပါဘူး။
ပီးသွားရ်ငတော့ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှာ Download
ဆိုတာကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်သင် Create လုပ်ထားတဲ့ APK File
ကိုဒေါင်းလုပ်ဆွဲနေပါလိမ့်မယ်။ပီးသွားရင်တော့ သင့် Android Phone
ထဲမှာ Install လုပ်လိုက်ပါ။ နောက်ဆုံးမှာတော့ သင့် Android Phone
ထဲမှာ အောက်ပါပုံအတိုင်း
013
မိမိ Create လုပ်ပီး Install လုပ်ထားတဲ့ APK ဖိုင်က သင့် Android
ထဲရောက်နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီကောင်ကိုဖွင့်လိုက်
တဲ့အချိန်မှာတော့အောက်ပါပုံအတိုင်း
014
သင့်ဖုန်းအတွင်းမှာ အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီ Post လေးကိုရေးဖို့အတွက် “ရုပ်ရှင်ချစ်သူ” ဂရုမှ Admin
Geo Nev အားလည်း ကျေးဇူးတင်ရှိကြောင်း ဒီ Post လေးမှ
တဆင့် ပြောကြားလိုပါတယ်။အဆင်မပြေမှုများရှိပါကလည်း
Comment Box အတွင်း မေးမြန်းနိုင်သလို ကျွန်တော့်FB
Account ကိုလည်း မေးမြန်းနိုင်ပါတယ်။
ကျွန်တော်ချစ်သော ကျွန်တော့်ပရိတ်သတ်အား
အစဉ်လေးစားလျှက်…………..
Credit to: အာရှသား(သို့မဟုတ်) Cristiano Zarni@ ဦးဇာနည်
http://www.myitworld-asian.blogspot.ae
Credit To : ကို Sai Mg Mg @ Myanmarmobiletutorial.com

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·