Monday, August 12, 2013

Purf Screen Cleaner

Purf ဆိုတဲ့ ချာတိတ်လေးက သန့်ရှင်းရေးသမားတစ်ယောက်ပါ။
ဘော်ဒါနဲ့ ဖုန်း Screen ပေါ်က လက်ရာများ ထင်နေရင် သန့်ရှင်းရေးလုပ်ပေးတယ်။ ခဏခဏ သန့်ရှင်းရေးလုပ်ရရင်တော့ Purf တစ်ယောက် မျက်နှာကြီး နီရဲလာကာ ဒေါသထွက်လာပါတယ်။ မညှာမတာ သူ့ကို သန့်ရှင်းရေးလုပ်ခိုင်းရင် ငိုပါတယ်။ သူ့ကို မခိုင်းရင်တော့ Purf တစ်ယောက် ရေချိုးတယ်။ အိပ်တယ်။ စားတယ်။ ဇိမ်ခံနေပါတယ်။ Purf အိပ်ပျော်နေချိန်မှာ Screen ကို မှောင်သွားစေတာလေးလဲ
လန်းပါတယ်။ ဒီ app လေးကို ကျွန်တော် တင်မယ်နဲ့ မေ့နေတာ ခုမှပြန်တွေ့လို့ဗျ။ Purf Screen Cleaner ဆိုတဲ့ App လေးက တကယ်တော့ Live Wallpaper လေးပါ။ ဒါပေမဲ့ Live Wallpaper ထက်ပိုပြီး သင့်ကို ပျော်ရွှင်မှုပေးပါလိမ့်မယ်။ သန့်ရှင်းရေးသမားလေး Purf ကို ဖုန်းထဲထည့်ထားပြီး ပျင်းနေတဲ့အခါ သူ့ကို ထိုင်ကလိနေလို့ရပါတယ်။ အတော်ချစ်စရာကောင်းတဲ့ Live Wallpaper လေးပါ။
Funny App အနေနဲ့လဲ သင့်ကို ဖျော်ဖြေပါလိမ့်မယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

Dropbox - https://www.dropbox.com/s/6txolxui8p8epfo/Mr.AD%20-%20Purf%20Screen%20Cleaner%202.6.apk

Copy - https://copy.com/8qDXkMPFSWqw

Zippyshare - http://www63.zippyshare.com/v/30449494/file.html

ပျော်ရွှင်ပါစေ။

Mr.AD
ပျော်ရွှင်စရာ Android ကမ္ဘာ

0 မှတ်ချက်:

Post a Comment

အကြံပြုချက်လေးတွေ

 
တစ်ဦးထဲမူပိုင် © . ယမင်းသံဇဉ် - ·